မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပညာဆည်းပူးရန် ကြွရောက်လာကြသော သံဃာတော်များအတွက် MSMO မှ နှစ်သစ်ကူး ဆုတောင်းပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သံဃာတော်များမှ ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ခြင်း၊ နှစ်သစ်ကူး ဆုတောင်းခြင်း နှင့် ဒါနပြုခြင်းများ ပြုလုပ်ခဲ့ပါသည်။

"သံဃာတော်များ စိတ်ချမ်းသာစွာ ပညာဆည်းပူးနိုင်ကြပါစေ" ဟု MSMO ဥက္ကဋ္ဌ ဆရာတော်မှ ဆုတောင်းမေတ္တာပို့သခဲ့ပါသည်။